Export, Import & Logistic
Export
- Rice Export
- Wood Export
- Sugar Export
- Bean Export
- Maize Export
- Shellac Export
- Sorghum Export
Import
- Cosmetic Import
- Fertilizer Import
- Korea Product Import
- Motors Import
- Electronic Goods Import
Logistic
- Export Service
- License Service
- Transportation Service
- Phytosanitary Certificate Services
- Distribution Service
Laser World Family Trading
Laser World Family Trading သည် ပြည်တွင်းမှ ထွက်ရှိသည့် ၂၅ မတ်ဆန် တန်ချိန် ၃၀ဝ၀ နှင့် ၁၀မတ်ဆန် တန်ချိန် ၁၀ဝ၀ တို့ကို တရုတ်နိုင်ငံ China Oil and Food Corporation(COFCO) သို့ တင်ပို့ပြီးဖြစ်ပါသည်။
၁၀မတ်ဆန် တန်ချိန် ၁၀ဝ၀ကို တရုတ်နိုင်ငံ COFCO သို့ ထပ်မံတင်ပို့နိုင်ရန်စီစဉ်နေပြီး ၂၅ မတ်ဆန် တန်ချိန် ၂၀ဝ၀ကိုလည်း အာဖရိကသို့ လာမည့်နိုဝင်ဘာလအတွင်း တင်ပို့နိုင်ရန် စီစဉ်လျက်ရှိပါသည်။
အဆိုပါဆန်တင်ပို့ရေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(Myanmar Rice Federation) အကူအညီဖြင့် တင်ပို့နေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ပထမဆုံးသော “ရေညှိ”စားသောက်ကုန်စက်ရုံတည်ဆောက်လည်ပတ်ရေး Laser World Family ကုမ္ပဏီများအုပ်စု နှင့် ကိုရီးယား Haenong ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
မြန်မာနိုင်ငံ၏ ပထမဆုံး သော“ရေညှိ”စားသောက်ကုန်စက်ရုံတည်ဆောက်လည်ပတ်ရေးအတွက် Laser World Family ကုမ္ပဏီများအုပ်စု နှင့် ကိုရီးယား Haenong ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ညနေ ၄:၃၀ နာရီက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ Junction City Office Tower ၊ KOTRA ရုံးတွင် ကျင်းပရာ Laser World Family ကုမ္ပဏီများအုပ်စု Chairman ဦးအောင်ကြူဟိန်း၊ ဒါရိုက်တာ ဒေါ်ဇာဏီအေးဝင့်လွင်၊ ကိုရီးယား Haenong ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Cho, Myoung Choo နှင့် မန်နေဂျင်းဒါရိုက်တာ Sang-Gyu, Kim တို့တက်ရောက်၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ MOU တွင် ပါဝင်လက်မှတ်ရေးထိုးကြသည့် ကုမ္ပဏီအဖွဲ့အစည်းများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဖော်ဆောင်မှုတို့ဖြင့် နှစ်ဖက်ကုမ္ပဏီများအကြား ရှိရင်းစွဲကောင်းမွန်သောဆက်ဆံရေး၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းမှုတို့အပေါ် အခြေခံလျက် စီးပွားရေးလုပ်ငန်းဆောင်တာများ ဆက်လက်မြှင့်တင်သွားကြမည်ဖြစ်ကြောင်းသိရသည်။
“အခု စတင်လည်ပတ်တော့မယ့်စက်ရုံဟာ မြန်မာနိုင်ငံအတွက် အမျိုးသားအကျိုးစီးပွားဖြစ်လာမယ်လို့မြင်ပါတယ်”ဟု Laser World Family ကုမ္ပဏီများအုပ်စု Chairman ဦးအောင်ကြူဟိန်းက Latest Channel သို့ ပြောကြားခဲ့သည်။
Laser World Family ကုမ္ပဏီများအုပ်စုသည် ကိုရီးယား Haenong ကုမ္ပဏီလီမိတက်ထံမှ ရေညှိ(Laver)များကို ပြည်တွင်းသို့ တင်သွင်း၍ မြန်မာနိုင်ငံ၏ပထမဆုံးသောရေညှိစားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံအဖြစ် လည်ပတ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
Electronic ပစ္စည်းများတင်သွင်းဖြန့်ချီသည်
- Electronic Goods Import
- Motors Import
- Cosmetic Import
- Rise Export
- Wood Export
- Kangaroo Car Product Import